အခတ်ကြီး (၈ )ခတ်..........
1။ လောကကြီးမှာ နေရတာ မိုက်တာလွယ်လျှက်၊ လိမ္မာဖိုရာခတ်။
2။ ပစ္စည်းဥစ္စာ၊ ငွေကြေးမှာ၊ ဖြန့်တာလွယ်လျှက်၊ အရှာခတ်။
3။ ရောင်းတာဝယ်တာ၊ အရာရာ ၊ ၀ယ်တာလွယ်လျှက်၊ အရောင်းခတ်။
4။ ဒါန သီလ ဘာဝနာ ဟောတာလွယ်လျှက်၊ အကျင့်ခတ်။
5။ ဘာသာတရား လွန်ပေါများ၊ မှားတာလွယ်လျှက် အမှန်ခတ်။
6။ အချင်းချင်းဟာ မုန်းဖိုရာ လွန်စွာလွယ်လျှက် ချစ်ဖိုခတ်။
7။ အမြို့မြို့အရွာရွာ နိင်ငံတကာ လူကြီးလုပ်တာလွယ်လျှက် အစီ မံတတ်ဖိုခတ်။
8။ ကိုးဆယ်ခြောက်ဖြာ ဘေးရောဂါ ရတာလွယ်လျှက် ပြောက်ဖိုခတ်။
နိဗ္ဗာန်ဈေးသည်များသည် သာသနာအတွက်လှူဒါန်းကြသည့် ပါရမီရှင်များဖြစ်၍ ၀ယ်ယူအားပေးသူ
ReplyDeleteများသည်လည်း သာသနာအတွက်လှူဒါန်းကြသည့် ဒါနရှင်များပင်ဖြစ်ပါသည်။ အရသာမျိုးစုံကို သုံးဆောင်
ခြင်းသည်ပင်လျှင် ဒါနပြုခြင်းပင်ဖြစ်နေသဖြင့် “ကုသိုလ်လည်းရ၊ ၀မ်းလည်းဝ” ဆိုသည့်အတိုင်း ပြုသင့်ပြု
ထိုက်သော ကုသိုလ်ကောင်းမှုကြီးဖြစ်ပါပေ၏။
တစ်နပ်စာ ဒါနတွင်မက အိမ်အတွက် တစ်ပတ်စာဝယ်ယူသွားလျှင် တစ်ပတ်လုံး ဟင်းမချက်ရသည့်
အပြင် တစ်ပတ်စာ ဒါနကြီးကိုလည်း ပြုလိုက်ရပေမည်။
သို့ပါ၍ နိဗ္ဗာန်ဈေးခေါ် ဒါနကုသိုလ်ပွဲတော်သို့ ကြွရောက်အားပေးခြင်းဖြင့် သာသနာပြုကြပါရန်
ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်အပ်ပါသည်။