Wednesday, March 6, 2013

စိတ်သာမူလ အတိကပါ

ဦးချရိုးကျိုး လက်အုပ်မိုးကာ ရှိခိုးရုံမျှ ကုသိုလ်ရ၏ စိတ်ကကြည်သာ ပြုလုပ်ပါလျှင် နံသာတစ်စတ်
ရေတစ်ခွက်နှင့် သစ်ရွက်တစ်ဆုတ် လက်အုပ်တစ်ချီ ပြုလုပ်သည်ကို ပါရမီကံ ဖြစ်ကြောင်းမှန်းပြီး
၏ကံနောက်ခါ ထွဠ်မြတ်စွာကို ပွင့်ရာကြုံကဗျာဒိတ်ရလိမ်မယ်



စိတ်ပါပဲ

အရေမလှ တွေးသမျှ ဆွေးရတာလဲ ဒီစိတ်ပဲ... တရားမ၀င် အများပင် မှားခြင်တာလဲ ဒီစိတ်ပဲ...
နှလှုံးဘ၀င် မပြုံးရွှင် မုန်းခြင်တာလဲ ဒီစိတ်ပဲ... အပြစ်မမြင် အနှစ်ထင် ချစ်ခင်တာလဲ ဒီစိတ်ပဲ...
ကာမဂုဏ်တွင် အာရုံဝင် ပျော်ရွှင်တာလည်း ဒီစိတ်ပဲ... အကန်းအသွင် အရမ်းနှင် ကြမ်းခြင်တာလည်း ဒီစိတ်ပဲ... ချစ်စရာကောင်း မုန်းဖို့ကောင်း ပြောင်းနေတာလည်း ဒီစိတ်ပဲ... အပြင်း အဖြင်း လူသခင်နှခြင်တာလည်း ဒီစိတ်ပဲ... သတိဥာဏ်ရှင် သံပဇဉ် သိမြင်တာလည်း ဒီစိတ်ပဲ... ဒါန သီလ သမထ ပြုကြတာလည်း ဒီစိတ်ပဲ... သာသနာ့ကို မကြည်ညို တွန်းထိုးတာလည်း ဒီစိတ်ပဲ... အနေမကြ အချေမကျ သေရတာလည်း ဒီစိတ်ပဲ... ဘာဝနာ ရုပ် နာမ်
အမြင်သန် ကျင့်ကြံတာလည်း ဒီစိတ်ပဲ...တစ်မဂ် တစ်ဗိုလ် ရက်တိုတို ရောက်ခြင်တာလည်း ဒီစိတ်ပဲ...


 အကောင်း မကောင်း အကြောင်းကြောင်းကို၊ သောင်းပြောင်း ကုန်စင် အစုံမြင်၍၊
ထေရ်ရှင် ရှေ့သွား၊ ဘုန်းအများ၏ တရားစဉ်နှင့် အဆင့်သင့်သား၊
ရှင်ကျင့်ဝတ်ခေါ် ရှေးစာတော်ကို၊ ခေတ်ပေါ် လှစ်ဆင့်၊ စုံအောင်ဖွင့်သည်
မျိုးနှင့် သာသနာ တည်ကြောင်းတည်း။


 ငါတို့ဖြစ်ရ
ဤလောက၀ယ်၊
ဘ၀သမိုင်း မရိုင်းစေရန်
စိတ်မန်မချ မာနမပါ၊
ဒို့စွမ်းရာဖြင့်
ဒို့သာသနာ ဒို့ပြည်ရွာကို
သာယာစေမှု
လုလ္လပြုအံ့။ ။




 

စဉ်းစားပါ

တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့သူ ဆိုရင် တပ်မတော်ခေါင်းဆောင်တွေပဲ ဖြစ်ဖြစ်၊
နိုင်ငံရေး ခေါင်းဆောင်တွေပဲ ဖြစ်ဖြစ်၊
သက်စွန့်ကြိုးပမ်း လုပ်နေသူ အကုန်လုံးကို လေးစားတယ်.

Wednesday, December 19, 2012

အမှန်တရားကိုရှာဖွေခြင်း

ဘုရားမြတ်စွာသည် အမှန်တရားကိုရှာဖွေခြင်းမှ အစပြုသည်။  ကျွန်ပ်တို့သည် ကိုယ်ပိုင်အတွေ့ အကြုံပေါ်
မီပြီး မှန်သောတရားကို ယုံကြည်ရမည်။ ကြောင်း ကျိုး ဆင်ခြင်မှုနှင့် ကိုက်ညီသောတရားကိုရှာဖွေရမည်။
အကောင်းဆုံး အမြတ်ဆုံးဖြစ်သောတရား သတ္တ၀ါအများအတွက် အကျိုးစီးပွားဖြစ်ထွန်းမည့်တရားကိုသာ
ယုံကြည့်ရမည်ဟု ဘုရားက သင်ကြား ပြသတော်မူပါသည်။

                                                                     Essential Themes of Buddhist Lectures.....

                                                  ဖြေရှင်းနည်း  
                      ကိစ္စတစ်ရပ်ကို ဖြေရှင်းရာတွင် ဘုရားမြတ်စွာက သွန်သင်ဆုံးမတော်မူခဲ့သည့်နည်းလမ်း
                 အတိုင်းငြိမ်းချမ်းစွာ ( peacefully ) နှင့်ဒီမိုကရေစီကျစွာ ( democratically ) စဉ်းစားဖြေရှင်းရပေလိမ့် မည်။
                                     အိန္ဒိယနိုင်ငံဝန်ကြီးချိပ် နေရူး Nehru prime minister of lndia......

                                              မျက်ကန်းယုံကြည်ခြင်း
            လူသည်ကိုယ့်အားကိုယ်ကိုးရမည်။ ဘုရားက ကျွန်ပ်တို့ကို ကယ်တင်နိုင်သည်ဟု ယုံကြည်ခြင်းသည်..မျက်ကန်းယုံကြည်ခြင်း အမြင်ဖြစ်သည်။ ဘုရားသည် လမ်းညွှန်ပြသော်လည်း ကျွန်ပ်တို့
အတွက် ထိုလမ်းကို လျှောက်ပေးလိမ့်မည်ကား မဟုတ်ပေ...။

                                           ခြားနားခြင်း
             ဆင်ခြင်တုံတရားရှိသူနှင့် ရူးသွပ်သူတို့ ကွဲပြားခြားနားသကဲ့သို့ မြတ်ဘုရားက သာမန်လူတစ်
ယောက်တို့သည်လည်း ကွဲပြားခြားနားပေသည်။   ဆရာ A Writer

                                       အကြောင်းနှင့် အကျိုး
            ဘုရားက မသိနားမလယ်မူ  အ၀ိဇ္စာ ကြောင့် လောက၏ ဒုက္ခအပေါင်းကို ခံစားကြရ၏။
မိမိ၏ အလုပ် ကမ္မ နှင့်အညီ ဘ၀ တခုမှ တခုသို့ ကျင်လယ်နေကြရ၏။ ကောင်းသောအလုပ်ရင် ကောင်း
သောအကျိုးကိုခံစားရ၏ ဟုမိန့်တော်မူခဲ့၏။ 

                                      တရားတော်
             ရှင်တော်မြတ်ဘုရားတရားတော်သည် အယူဝါဒ doctrine နှင့် တရားသေ၀ါဒ dogma များထက်
ပိုမိုမြင့်မြတ်ပေသည်။ ဘုရား၏ လောကုတ္တရာ ဟောကြားချက်များသည် ခေတ်အဆက်ဆက် လူသားတို့အား တုန်လှုပ်စေခဲ့သည်။  ဒုက္ခအမျိုးမျိုးခံစားနေရပြီး ဘ၀လမ်းကြောင်းပျောက်နေသော သူများအတွက် ဘုရား၏ ငြိမ်းချမ်းရေးတရားတော်များသည် အတိတ်ကာလ ကထက် ယနေ့ပိုပြီး လိုအပ်ပါသည်။  
                    အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် နေရူး......။
                    

အနှစ်ကိုရှာမယ်


၁၁။ အသာရေ သာရမတိနော၊ သာရေ စာသာရဒဿိနော။
တေ သာရံ နာဓိဂစ္ဆန္တိ၊ မိစ္ဆာသင်္ကပ္ပဂေါစရာ။

၁၂။ သာရဉ္စ သာရတော ဉတွာ၊ အသာရဉ္စ အသာရတော။
တေ သာရံ အဓိဂစ္ဆန္တိ၊ သမ္မာသင်္ကပ္ပဂေါစရာ။

၁၁။ အနှစ်မရှိသောတရား၌ အနှစ်ရှိ၏ဟု အယူရှိကြကုန်၏၊ အနှစ်ရှိသော တရား၌မူကား အနှစ်မရှိဟု အယူရှိကြကုန်၏၊ ထိုသူတို့သည် မှားသော ကြံစည်မှုလျှင် (ကျက်စားရာ)အာရုံ ရှိကြကုန်ရကား အနှစ် ရှိသောတရားကို မရနိုင်ကြကုန်။

၁၂။ အနှစ်ရှိသောတရားကိုလည်း အနှစ်ရှိသောတရားဟူ၍ အနှစ်မရှိသောတရားကိုလည်း အနှစ် မရှိသောတရားဟူ၍ သိကြကုန်သောကြောင့် ထိုသူတို့သည် မှန်ကန်သောကြံစည်မှုလျှင် (ကျက်စားရာ)အာရုံ ရှိ ကုန်ရကား အနှစ်ရှိသော တရားကို ရနိုင်ကြကုန်၏။

11.Those who consider truth in untruth, and see untruth in truth, do not reach the truth, lost in the path of wrong views.

12. Those who consider truth in truth and untruth in untruth arrive at truth and follow true desires as they hold right views.

၁၃။ ယထာ အဂါရံ ဒုစ္ဆန္နံ၊ ၀ုဋ္ဌီ သမတိဝိဇ္ဈတိ။
ဧ၀ံ အဘာဝိတံ စိတ္တံ၊ ရာဂေါ သမတိဝိဇ္ဈတိ။

၁၄။ ယထာ အဂါရံ သုဆန္နံ၊ ၀ုဋ္ဌီ န သမတိဝိဇ္ဈတိ။
ဧ၀ံ သုဘာဝိတံ စိတ္တံ၊ ရာဂေါ န သမတိဝိဇ္ဈတိ။

၁၃။ အိမ်ကို မကောင်းသဖြင့် မိုးအပ်သည်ရှိသော် မိုးရေသည် ဖောက်ဝင်နိုင်သကဲ့သို့ စိတ်ကို (သမထ၊ ၀ိပ ဿနာတို့ဖြင့်) ကောင်းစွာ မပွားထုံအပ်သည်ရှိသော် ရာဂသည် ဖောက်ဝင်နိုင်၏။

၁၄။ အိမ်ကို ကောင်းစွာမိုးအပ်သည်ရှိသော် မိုးရေသည် မဖောက်ဝင်နိုင်သကဲ့သို့ စိတ်ကို (သမထ၊ ၀ိပ ဿနာတို့ဖြင့်) ကောင်းစွာ ပွားထုံအပ်သည်ရှိသော် ရာဂသည် မဖောက်ဝင်နိုင်။

13. As rain penetrates the poorly thatched house that is poorly roofed, passion (raga) penetrates the unguarded mind.

14. As rain does not penetrate the well-guarded house, so passion (raga) does not penetrate the well-guarded mind.

Tuesday, December 18, 2012

မြန်မာနိုင်ငံ ရဟန္တာမထေရ်မြတ်ကြီး များ

မြန်မာနိုင်ငံ ရဟန္တာမထေရ်မြတ်ကြီး များ

by Young Buddhist's Association on Friday, July 23, 2010 at 9:37pm ·
၁။ လယ်တီဆရာတော်ဘုရားကြီး

၂။ ကန္နီ ဆရာတော်ဘုရားကြီး

၂။ ဝေဘူဆရာတော်ဘုရားကြီး

၃။ အင်ချောင်ဆရာတော်ဘုရားကြီး

၃။ စွန်းလွန်း ဆရာတော်ဘုရားကြီး

၎။ တောင်တန်း သာသနာပြုဆရာတော်ဘုရားကြီး ဦးဥတ္တမသာရ

၅။ မင်းကွန်းဆရာတော်ဘုရားကြီး ဦဝိစိတ္တသာရဘိဝံသ
(နောက်ဆုံးခန္ဓာဝန်ချခါနီး ကပ်၍ ရဟန္တာဖြစ်သွားသည်)

၆။ မဟာစည်ဆရာတော်ဘုရားကြီး

၈။ သဲအင်းဂူဆရာတော်ဘုရားကြီး

၉။ မောင်းထောင်မြေဇင်းတောရ ဆရာတော်ဘုရားကြီး

၁၀။ ပထမ တော်ကူးဆရာတော်ဘုရားကြီး

၁၁။ ဒုတိယ တော်ကူးဆရာတော်ဘုရားကြီး

၁၂။ ဆားတောင်ဆရာတော်ဘုရားကြီး

၁၄။ ပထမ ဖားအောက်ဆရာတော်ဘုရားကြီး

၁၅။ ဒုတိယ ဖားအောက်ဆရာတော်ဘုရားကြီး

၁၆။ အနာဂါမ် ဆရာသက်ကြီး (နောက်ဆုံးခန္ဓာဝန်ချခါနီး ကပ်၍ ရဟန္တာဖြစ်သွားသည်)
.............................................................................................................
လက်ရှိ သက်ရှိထင်ရှား သီလဂုဏ် ၊ သမာဓိဂုဏ် ပညာဂုဏ် ကြီးမားတော်မူသောဆရာတော်ကြီးများ

- မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး

- ပခုက္ကူ အနိစ္စ ဆရာတော်ဘုရားကြီး

- မုံလယ်တော်ရဆရာတော်ဘုရားကြီး

- သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး

တို့သည် သီလဂုဏ် ၊ သမာဓိဂုဏ် ပညာဂုဏ်တို့
ကြီးမားလှ၏။ဆရာတော်ဘုရားကြီးတို့သည် မြတ်ဗုဒ္ဓ၏ သားတော်မြတ် အရိယာနွယ်ဝင်သံဃာအာဇာနည်
ပုဂ္ဂိုလ်မြတ်များဖြစ်ရုံသာမက ၊ သတ္တ၀ါတို.အကျိုးများအောင် ဓမ္မအလင်းရောင်ကို ထွန်းပြောင်လင်းလက်
စေသော သာသနာ မီးရူးတန်ဆောင်များဖြစ်သည်။သာသနာရှေ့ဆောင် ဆရာတော်ဘုရားကြီး တို.၏
ဂုဏ်တော်မြတ်တို.ကို သက်သေတည်ကာ ရှေးအရိယာသံဃာတော်မြတ်တို့နှင့် လက်ရှိ ပရိယတ် ပရိပတ်
အကျင့်မြတ်တို့ကို ဖြည့်ကျင့်ဆည်းပူးနေသော သံယာတော်အရှင်သူမြတ်တို့၏ သံဃဂုဏ်တော်ကို ဆထက်
တိုးကြည်ညိုသဒ္ဓါပွားများနိုင်၇န် ရည်စိတ်သန်ကာ တင်ပြအပ်ပါသည်။

ဗုဒ္ဒ

၁။ ကျင့်ဝတ်သီလ

  ရှင်တော်ဘုရားသည် ကိုယ်တော်တိုင် ဟောကြားတော်မှုခဲ့သော ကောင်းမြတ်သည်တရားများ၏ စုဖွဲ့တည်
  ရာဖြစ်သည်။ အောင်မြင်ထူးခြားသည့် ဖြစ်ရပ်ပေါင်းများစွာဖြင့် ပြည်လျှံနေသော သာသနာပြုသက်တမ်း ( ၄၅ ) ၀ါပတ်လုံး ကိုယ်တော်တိုင်းဟောကြားခဲ့သော တရားတော်များနှင့်အညီ နေထိုင်ကျင့်ကြံတော်မှုခဲ့သည်။  လူတို့အား ချို့တဲ့အားနည်းစေမည်း ( human frailty ) သို့မဟုတ် လောဘ ဒေါသ မောဟ တက်စေမည့်အကြောင်းရင်း အခြေခံများ အတွက် နေရာလပ်
မပေး။ ဘုရားဟောကြား ဆုံးမတော်မှုခဲ့သော ကျင့်ဝတ်သီလများသည် လူတို့ သိရှိရသမျှတို့တွင် ပြီးပြည့်စုံဆုံးဖြစ်ပေသည်။

                                                  ပါမောက္ခ မက်္ခစ် မူလာ....
                                        prof. Max Muller, German Scholar...


        ၂။ မေတ္တာနှင့် ပညာ  နှစ်ပေါင်းကုဠေ၊
           ရှည်ကြာလေမှ  တစ်ကြိမ်ပွင့်သော၊
          လူသားသစ်ပင်၏ ပန်းလှတစ်ပွင့်။
           ပွင့်လေသောခါ မေတ္တာပျားရည်၊
          ပညာရနံတို့ဖြင့်  လောကတစ်ခွင်၊
          သင်းပျံကြိုင်လှိုင်စေ၏။                 ကဗျာဆရာ ဆာ အက်ဒ်ဒွင်အာနောလ်
                                                Sir Edwin Arnnold The Light of Asia...



၃။ မကင်းမကွာရှိနေသူ....
       ဘုရားသည် လူသားတစ်ယောက်ဖြစ်လျှက် ရှိးသားစွာ စိတ်အားထက်သန်စွာဖြင့် ဥာဏ်ပညာအလင်းရောင်ကိုတစ်ကိုယ်တည်း ရုန်းကန်ရှာဖွေခဲ့ကြောင်း အထင်အရှား တွေ့မြင့်ရသည်။
ရာဇ၀င် ပုံပြင်မဟုတ်ပါချေ....
                          ဘုရားသည် ယုံတမ်းစကားသဖွယ် အံသြစရာများနှင့် ပြီးသောသူတစ်ယောက်ဖြစ်
သည်ဟု ကျွန်ပ် ခံစားမိသည်။ လူ အများ လက်ခံနိုင်သော အကျင့်သီလ များ နှင့်ပြည့်စုံပြီး မိမိ ကိုယ်တော်
တိုင် တွေ့မြင်သိရှိခဲ့သည့် အရာများကို လူအများသို့ လက်ဆင့်ကမ်း မျှဝေပေးခဲ့သူလည်းဖြစ်သည် ဘုရား
တရားတော်များသည် ကျွန်ပ် တို့၏ ခေတ်သစ်အတွေးအခေါ်များနှင့် များစွာနီးစပ် သဟဇာတဖြစ်ပေသည်။

ဘုရားက ဘ၀၏ စိတ်မချမ်းမြေ့ စရာများနှင့် မရောင့်ရဲ မကျေနပ်မှုများသည် တစ်ကိုယ်ကောင်းဆန်းခြင်း
ကြောင့် ဖြစ်ရသည်ဟု ဆိုရာတွင် (၁ ) လိုချင်တတ်မက်မှုများကို ကျေနပ်နှစ်သိမ့်လိုမှု ( desire to satiisfy
the senses )  (၂ ) ထာဝရ တည်မြဲရေးကိုလိုခြင်တပ်မက်မှု ( cfraving for immortality )  ( ၃ ) ကြီးပွား
ချမ်းသာခြင်းနှင့် လောကီစီးစိမ်များကို ခံစားလိုမှု (desire for prosperity and worldliness )တို့ဖြစ်သည်
လူတစ်ယောက်သည် အေးချမ်းတည်ငြိမ်မှု (serene ) ပါရမီ ၄င်း၏ အာရုံခံစားလိုမှုနှင့် အတ္တစွဲကို ပယ်
သက်ဖို့လိုသည် ဟုလည်း ဟောကြားတော်မူခဲ့သည်။

ဗုဒ္ဒသည် ခရစ်တော်မဖွေားမီ နှစ်ပေါင်း ( ၅၀၀ ) ကျော်က မြင့်မြတ်သောဗုဒ္ဒအဖြစ် ပွင့်တော်မူခဲ့ခြင်းဖြစ်
သည်။ မိမိကိုယ်မိမိ မမေ့လျှော့ကြဖို့၊ သတိရှိကြဖို့၊ ဘုရားကဆုံးမတော်မူခဲ့သည်။  မြတ်စွာဘုရားသည်
လူတို့နှင့် မကင်းမကွာရှိပြီး လုတို့၏ လိုအပ်ချက်များနှင့်လည်း နီးစပ်သည်၊ လူသားများအပေါ် တန်းဖိုးထားမှုနှင့် အကျိုးပြုမှုတို့တွင် ဘုရားသည် ခရစ်တော်ထက်ပိုပြီး ရှင်းလင်းပြတ်သားတော်မှုသည်
ဘုရားသည် လူတို့၏ ဘ၀ဆိုင်ရာ အမေးပုစ္ဆာများကို ဖြေကြားရှင်းလင်းတော်မှုရာတွင် မသေချာမရေရာ
မှုများ နည်းလေသည်။

                           ဆရာ အိပ်ခ်ျ ဂျီ ၀ဲလစ်
                H. G . Wells. English Novelist....
 

အတုယူဖွယ်များ

အနှိုင်းမဲ့အဖြည့်ခံယသောဓရာ ( ၅ )

မဒ္ဒီမိဖုရားဟာ သားလေးနဲ့ သမီးလေးရဲ့ ပျော်ရွှင်စွာဆော့ကစားနေကြတဲ့ ကြည်နူးဘွယ်မြင်ကွင်းလေးကို မမြင်ရတဲ့အချိန်မှာ မိခင်တစ်ယောက်အနေနဲ့ အလွန်တရာပဲ ပူပန်မိပါတော့တယ်။ ဒါနဲ့ မောင်တော် ဝေဿန္တရာကိုလဲ တရားကျင့်တာပျက်မှာ စိုးရိမ်တဲ့အတွက်ကြောင့် မမေးမိဘဲ သားလေးနဲ့ သမီးလေးရဲ့ နာမည်ကို တကြော်ကြော်အော်ခေါ်ကာ တောကြီးမျက်မည်းထဲမှာ တစ်ကိုယ်တည်း ရှာပုံတော်ဖွင့်ခဲ့ပါတော့တယ်။ ရှာပုံတော်ခရီးကို တစ်ညလုံးလုံး မနေမနားကြိုးစားခဲ့ရသော်လည်း သားလေးနဲ့ သမီးလေးရဲ့ အရိပ်အယောင်ကိုမျှ မတွေ့မိ မကြားမိပါဘူး။ ဒါနဲ့ သူမတို့မိသားစု့ နေထိုင်ရာ ကျောင်းသင်္ခန်းလေးဆီကို နံနက်လင်းအားကြီးမှာ ပြန်လာခဲ့တော့တယ်။  ဒီအခါမှာ မဒ္ဒီမိဖုရားရဲ့ ရင်ထဲမှာ ပူလောင်မှုကလွဲလို့ ဘာခံစားချက်ကိုမျှ မသိတော့ပါဘူး။ ခေါင်းထဲမှာလဲ မူးဝေနောက်ကျိတာကလွဲလို့ ဘာမှတ်သိစိတ်မှ ကောင်းကောင်းမရှိတော့ပါဘူး။ တစ်နေကုန် တစ်နေခန်း မောကြီးပန်းကြီးနဲ့ သစ်သီးကြီးငယ် သစ်ဥသစ်ဖုတို့ကို ရှာခဲ့ရပီးပီ။ နောက်ပီးတော့ တစ်ညလုံးလုံး မစားနိုင် မအိပ်နိုင်ဘဲ သားနဲ့သမီးကို ရှာပုံတော်ဖွင့်ခဲ့ရပီးပီ။ ဒီတော့ ရင်မှာလဲပူ ခေါင်းမှာလဲဝေ ကိုယ်မှာလဲနွမ်းလျနေတဲ့ မဒ္ဒီဟာ မထိန်းနိုင်တော့ဘဲ ဝေဿန္တရာရဲ့ အနီးမှာ မေ့မျောလဲကျသွားပါတော့တယ်။

           ဒါနဲ့ ဝေဿန္တရာဟာ မဒ္ဒီမိဖုရားရဲ့ ရင်ကိုစမ်းကြည့်တော့ အပူငွေ့ရှိသေးတာကြောင့် အသက်ရှိသေးတယ်ဆိုတာသိရလို့ အကောင်းဆုံး ဖြစ်နိုင်တဲ့ နည်းလမ်းများနဲ့ပြုစု ကုစားပေးလိုက်တဲ့အခါ မဒ္ဒီမိဖုရားဟာ သတိပြန်ရလာပါတော့တယ်။ ဒီအခါမှာ မဒ္ဒီက သားနဲ့သမီးအကြောင်းကို မေးတော့ ဝေဿန္တရာက စိတ်အေးအေးထားပီးနားထောင်ဘို့နဲ့ ပါရမီကုသိုလ်အတွက်အရေးကြီးကြောင်းကို နားချပီးတော့မှ ဇူဇကာပုဏ္ဏားကို လှုလိုက်ပြီဖြစ်ကြောင်း ပြောလိုက်တော့တယ်။ မဒ္ဒီရဲ့ ရင်ထဲမှာ သားနဲ့သမီးအတွက် ပူလောင်လှပါတယ်။ သို့သော် တပြိုင်နက်ထဲမှာပဲ  မောင်တော်ရဲ့ လောကကို ကယ်တင်ရေး ဘုရားဖြစ်ရေး ပါရမီပြည့်ဘို့အတွက် ဖြည့်ပေးရတာကို ကျေနပ်မိတယ်။ ဝမ်းထဲမှာ ဘာအစားအစာမှမရှိဘဲ တစ်နေကုန် တစ်ညလုံး အစာရှာထွက်ပီး သားနဲ့သမီးအတွက် မောပန်းခဲ့ရသော်လည်း မောင်တော်ရဲ့မြင့်မြတ်လှတဲ့ အဂ္ဂဗျူဟာရည်မှန်းချက်အတွက်မို့ ဖြေသိမ့်နိုင်ပါတယ်။ မိသားစုဘဝရဲ့ အေးချမ်းတဲ့ သာယာကျေနပ်မှုတွေကို လိုချင်သော်လည်း မောင်တော်ရဲ့ လောကသာယာဝပြောရေးလုပ်ငန်းစဉ်အတွက်မို့ အံကြိတ်ပီး ကိုယ့်ကိုယ်ကိုနှစ်သိမ့်ရတယ်။ လောကအတွက် သူမရဲ့ ပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝကို စတေးရတယ်။ ဒီကိစ္စအတွက် သာမန်အမျိုးသမီးတစ်ယောက်အနေနဲ့ဖြစ်စေ၊ သားသမီးကို ချစ်တဲ့ မိခင်ကောင်းတစ်ယောက်အနေနဲ့ဖြစ်စေ ဝေဿန္တရာကို စူးရှတဲ့အကြည့် မာကျောတဲ့စကား ပြင်းထန်တဲ့ စကားလုံး မကျေတဲ့ ရန်ငြိုးတွေနဲ့ ချက်ချင်းတုန့်ပြန်မိတော့မှာပါ။ တကယ်တော့ မဒ္ဒီဟာ သားနဲ့သမီးကိုလဲ ချစ်တယ်။ မောင်တော် ဝေဿန္တရာကိုလဲ ချစ်တယ်။ လောကကိုလဲ ချစ်တယ်။ ဒီအချစ်တွေထဲမှာ လောကကြီးအတွက် နှလုံးသားကိုစတေးပီး ဦးနှောက်ကို ဥိးစားပေးခဲ့တယ်။ ခံစားချက်ထက် အသိဥာဏ်ကို မြှင့်တင်ခဲ့တယ်။  ဒါ့အပြင် သူမရဲ့အချစ်ဟာ မိသားစုတစ်ခုတည်းအတွက် ကွက်ကွက်လေးမျှ ချစ်တာဟုတ်ဘဲ လောကကို ပိုလို့အလေးပေးသူဖြစ်ကြောင်း လက်တွေ့ပြခဲ့တာပါပဲ။ ဒီလိုစံနမူနာကောင်းတွေပြသနိုင်ဘို့ဆိုတာ တစ်ခေတ်မှတစ်ခါပေါ်ပေါက်တာမဟုတ်ပါဘူး။ တစ်ကမ္ဘာမှ တစ်ခါပေါ်တာလဲမဟုတ်ပါဘူး။ သုံးဆယ့်တစ်ဘုံဆိုတဲ့ စကြာဝဠာကို ကယ်တင်ရေးအတွက် ပါရမီတော်တွေကို ဖြည့်ကျင့်တော်မူကြတဲ့ ဘုရားအလောင်းတော်တွေရရဲ့ ပါရမီဖြည့်ဖက် ဖြစ်ပါမှသာ ပေါ်ပေါက်တတ်တာပါ။ ဒီနေရာမှာ ချစ်သူစုံတွဲများကို  အသိပေးချင်တာက မိမိချစ်သူကို သာမန်အိမ်ထောက်ဖက်လောက်မျှသာ သဘောမထားဘဲ ပါရမီဖြည့်ဖက်အနေဖြင့် အပြန်အလှန် ချစ်ကြပါလို့ မှာချင်ပါတယ်။

        မဒ္ဒီဟာ သာမန်အမျိုးသမီးမဟုတ်တဲ့အတွက်ကြောင့် သာမန်တုန့်ပြန်မှုတွေနဲ့ မတုန့်ပြန်ခဲ့ဘူး။ မြင့်မြတ်လှတဲ့ အမျိုးသမီးကောင်းတစ်ယောက်ဖြစ်တာမို့ ဘဝရဲ့အရာရာအတွက် ဘာကိုမှ ဘယ်လိုဆုကိုမှ မပန်ဆင်ဘဲ အဖြည့်ခံသက်သက်နဲ့ လောကကြီးအတွက် မောင်တော်နဲ့အတူ ဖြည့်ဆည်းရင်း ဘဝခရီးကို ဆက်ခဲ့တယ်။ ဒီလိုဘဝမျိုးတွေ ဒီလိုဖြစ်ရပ်တွေဟာ ဘဝအကြိမ်ကြိမ် တွေ့ကြုံခံစားခဲ့ဖူးပါပီ။ သို့သော် မောင်တော်ကို စိတ်မနာရက်ဘူး။ မပစ်ရက်ဘူး။ ဘယ်ပစ်ရက်ပါ့မလဲလေ။ လောကအတွက် ကရုဏာကြီးမားလှတဲ့ မဟာကရုဏာရှင်မောင်တော်၊ လောကကောင်းကျိုးသယ်ပိုးရေးအတွက် ဘယ်တော့မှ သစ္စာမဖောက်ဖျက်ခဲ့တဲ့ မောင်တော်၊ လောကကိုကယ်တင်ရေးအတွက် ဘယ်လိုအကြောင်းကြောင်းနဲ့မှ မူလရည်မှန်းချက်ကို မပြောင်းလဲဘဲ စိတ်ဓါတ်တည်ကြည်ခိုင်မှာလှတဲ့ မောင်တော်၊ လောကရဲ့ ချစ်တဲ့သူတွေကိုမဆိုထားနဲ့ ရန်သူကိုတောင် သီးခံနားလည်ပေးနိုင်တဲ့ စိတ်စွမ်းအားကြီးမားလှတဲ့မောင်တော်၊ ဘဝရဲ့ ဘယ်နေရာ ဘယ်ဒေသပဲရောက်ရောက် သူမဘဝရဲ့ ဂုဏ်သိက္ခာကို အပြည့်အဝဖြည့်စွမ်းပေးနိုင်တဲ့မောင်တော်၊ သူမအပေါ်မှာ ဘယ်လိုအစွန်းအထင်းလေးမျှ မစွန်းထင်းရလေအောင် ခိုင်မာတဲ့ကိုယ်ကျင့်တရားနဲ့ ချစ်တတ်တဲ့မောင်တော်၊  အို မောင်ရှိတဲ့ မဘဝဟာ အရာရာပြည့်စုံနေသလို ခံစားမှုကို ပေးနိုင်တဲ့ မောင်တော်ကို မဒ္ဒီမိဖုရား မပစ်နိုင်ပါဘူး။ အပြစ်မတင်ရက်ဘူး။ မောင်တော်ကို အကြောင်းပြုပြီးမှ သူမလဲ စိတ်ဓါတ်တွေ ကိုယ်ကျင့်တွေ သတ္တိတွေ ဥာဏ်ပညာတွေ တစ်ဘဝပီး တစ်ဘဝတိုးတက် ရင့်ကျက်လာခဲ့ရသူမို့ မောင့်လိုပဲ အရာရာကို တည်ငြိမ်အောင် ခံစားနိုင် ရင်ဆိုင်နိုင်နေပါပီ။

       မဒ္ဒီက မပစ်နိုင်မခွါရက် ချစ်ပေမယ့် ဝေဿန္တရာက မဒ္ဒီကို စွန့်လွှတ်ဘို့အရေး ထပ်မံတွေ့ကြုံရပြန်ပါတယ်။ အဲဒါကတော့ သားနဲ့သမီးကို လှုပီးလို့ မကြာခင်သောတစ်နေ့မှာ သိကြားမင်းဟာ ပုဏ္ဏားယောင်ဆောင်ပီး မဒ္ဒီမိဖုရားကို အလှုခံပါတော့တယ်။ ဝေဿန္တာရာဟာ သဗ္ဗညုတဥာဏ်တော်ကိုရရှိရေးအတွက် တုန်လှုပ်ခြင်း တုန့်ဆိုင်းခြင်းအလျဉ်းမရှိဘဲ မဒ္ဒီကိုလှုလိုက်ပြန်ပါတော့တယ်။ ဒီတစ်ကြိမ်မှာလဲ မဒ္ဒီကြေကွဲရပြန်ပါပီ။ သို့သော် မနာကျင်ပါဘူး။ ဆို့နင့်ပူလောင်ပါတယ်။ သို့သော် တည်ငြိမ်အောင် ဖြေသိမ့်နိုင်ပါတယ်။ သူမကိုစွန့်လှုပစ်ရက်တယ်။ သို့သော် မုန်းလို့ရက်စက်တာမှမဟုတ်ဘဲလေ။ မောင်တော်ရဲ့ နူးညံ့သိမ်မွေ့လှတဲ နှလုံးသားရယ် ခိုင်မာတဲ့ ကိုယ်ကျင့်တရားရယ် ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေရယ် လောကအတွက် ကြီးမားမြင့်မြတ်လှတဲ့ မေတ္တာတရားရယ် ဒါတွေ ဒါတွေကို သူမ နားလည်ထားသူမို့ မောင်တော်ကို မြူတစ်မှုန်လောက်မျှ အပြစ်တော်မတင်ရက်ပါဘူး။ ခွင့်လွှတ်နားလည်တဲ့ စိတ်နဲ့ပဲ ဆက်လက်ပီး ပါရမီဖြည့်ရင်း ချစ်နေမှာပါ မောင်တော် လို့စိတ်ထဲက ရေရွတ်ရင်း မောင်တော်ရဲ့ အလှုတော်ဆုံးဖြတ်ချက်ကိုလက်ခံခဲ့တယ်။ မဒ္ဒီကိုလှုလို့အပီးမှာ သိကြားမင်းက သူဟာ ပုဏ္ဏားမဟုတ်ဘဲ သိကြားမင်းဖြစ်ကြောင်းဖွင့်ပြောလိုက်တဲ့အတွက် ဝေဿန္တရာနဲ့ မဒ္ဒီဟာ ပြန်လည်ပေါင်းထုတ်တဲ့ ပါရမီခရီးကို ဆက်နိုင်ခဲ့ပြန်ပါတယ်။ ဇာတ်လမ်းကို ဒီလောက်ပဲ အဆုံးသတ်ပါမယ်။ မဒ္ဒီမိဖုရားရဲ့ အမျိုးသမီးတိုင်း စံနမူနာယူလောက်တဲ့ မိမိချစ်သူရဲ့အပေါ်ထားရှိတဲ့သဘောထား ကြီးမြတ်ပုံကို တင်ပြချင်တာလောက်ပဲမို့ပါ။ တစ်ခါ ဝေဿန္တရာရဲ့ လောကအပေါ်ထားရှိတဲ့ မဟာကရုဏာစိတ်ကြောင့် ပါရမီဖြည့်ရင်း မိသားစုဘဝတွေ အသက်အိုးအိမ်စည်းစိမ်တွေ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ စတဲ့ ဘဝရဲ့ အရာရာကို စွန့်လွှတ်အနစ်နာခံခဲ့ရပုံကိုသိစေချင်တာလောက်မို့ ဇာတ်လမ်းမဆုံးသေးသော်လည်း ရပ်တန့်လိုက်ပါတယ်။ ( ဆက်လက်ဖေါ်ပြမယ် )

အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ ( ၄ )

အရင်တစ်ပတ်တင်ခဲ့တဲ့ ပို့စ်မှာ သုမိတ္တာဆိုတဲ့ ယသောဓရာအလောင်းလျာမလေးရဲ့ အသိဥာဏ်နဲ့ သတ္တိစွမ်းပကား ကြီးမားပြတ်သားမှုကြောင့် ဗုဒ္ဓဝါဒပေါ်ထွန်းခဲ့တဲ့အထိ ကူညီပံ့ပိုးဖြည့်ဆည်းနိုင်ခဲ့ကြောင်း တင်ပြခဲ့ပါတယ်။ ဒီတစ်ပတ်တော့ သူမရဲ့ အသိဥာဏ်နဲ့ သတ္တိစွမ်းပကားကြီးမားပုံကို ဝေဿန္တရာဇာတ်တော်ကို အခြေခံပြီး တွေးတောနိုင်သလောက် သုံးသပ်တင်ပြမှာပါ။ ဇာတ်တော်အကြောင်းကို အကျဉ်းချုပ် ပြန်လည်တင်ပြရင်း သုံးသပ်သွားမှာပါ။  ဒီဇာတ်တော်မှာ တိုင်းပြည်က နှင်ထုတ်လို့ ဝေဿန္တရာဟာ တိုင်းပြည်ကနေ ဟိမဝန္တာရှိ ဝင်္ကဘာတောင်တန်းကို ထွက်ခွါရတယ်။ ထွက်ခွါခါနီးမှာ ဝေဿန္တရာက ပါရမီဖြည့်ဖက်ဖြစ်တဲ့ မဒ္ဒီမိဖုရားကို မှာတယ်။ ချစ်နှမ ငါကိုယ်တော်မြတ်ကတော့ တိုင်းပြည်ကနေထွက်ရတော့မယ်။ ဒီလိုထွက်ခွါရတဲ့အခါမှာ ချစ်နှမအနေနဲ့ မိဘတွေရှိရာ ကိုယ့်တိုင်းပြည်ကို ( ဒေဝဒဟ ) ပြန်ချင်လဲပြန်ပါ။ တိုင်းပြည်ပြန်ရောက်လို့ နောက်အိမ်ထောင်ပြုမယ်ဆိုလဲ ပြုပါ။ ဒီအရာတွေအတွက် အားလုံးကို နားလည်ခွင့်လွှတ်ပါတယ်။ သားလေး ဇာလီနဲ့ သမီးလေး ကဏှာဇိန်တို့ကိုလဲ လောကအလယ် မျက်နှာမငယ်ရအောင် ပြုစုထိန်းသိမ်းစောင့်ရှောက်နေရစ်ပါတော့လို့ မှာရှာတယ်။ ဝေဿန္တရာမင်းဟာ မဒ္ဒီမိဖုရားကို ပစ်ထားရက်တဲ့စိတ်နဲ့ ဒီစကားတွေကို ပြောနေတာမဟုတ်ပါဘူး။ မဒ္ဒီမိဖုရားဟာ အလွန်ချစ်ခင်လေးစားထိုက်တဲ့ မိန်းမသားတစ်ယောက်ဖြစ်တဲ့အတွက် ချစ်စိတ် လေးစားစိတ်တွေနဲ့ နေရစ်ခဲ့ဘို့ မှာတမ်းချွေနေတာပါ။  ဝေဿန္တရာရဲ့ စိတ်ထဲမှာ ဘယ်နေ့ ဘယ်အချိန် ဘယ်သောခါမှ တိုင်းပြည်ကို ပြန်ရောက်မယ်ဆိုတာလဲမသိ၊ ပြန်ရောက်ချင်လဲ ရောက်နိုင်သလို ပြန်မရောက်တော့ဘဲ တစ်သက်လုံး ဝင်္ကဘာတောင်တန်းမှာပဲ နေရကောင်း နေရနိုင်တာကိုး။ ဒီလိုမှာတမ်းချွေတော့ မဒ္ဒီမိဖုရားက ပြန်ပြောတယ်။ မောင်တော် ဝေဿန္တရာ၊ မောင်တော်မရှိတဲ့ လောကရဲ့ ဘယ်နေရာမှာမှ တစ်ယောက်ထည်းခွဲမနေပါဘူးတဲ့။  နှမတော်ရဲ့ တိုင်းပြည်ကိုလဲ မပြန်ဘူး။ မောင်တော်ရဲ့ နန်းတော်ထဲမှာလဲ တစ်ယောက်ထဲ ကျန်မနေခဲ့ချင်ပါဘူး။ မောင်တော် ရှိရာအရပ်မှာပဲ မခွဲမခွာ လက်တွဲသွားမှာပါ။ ဝင်္ကဘာဆိုတဲ့ တောနက်ကြီးထဲမှာ သားရဲ တိရစ္ဆာန်တွေ ဘယ်လောက်ဆိုးသွမ်းကြမ်းတမ်းပါစေ မောင်တော်နောက်ကို နှမတော်လိုက်မယ်။ လျှိုမြောင် ချောက်ကမ်းပါးတွေ ဘယ်လောက်ပဲ ထူထပ်လို့ နက်ရှိုင်းနေပါစေ မောင်တော်နဲ့ မခွဲဘူး လို့ ပြောပြတော့ ဝေဿန္တရာကလက်ခံတယ်။ ဒါနဲ့ သားလေးရယ် သမီးလေးရယ် နှစ်ယောက်လုံးကိုခေါ်ပီးတော့ စုစုပေါင်း မိသားစုလေးယောက် ဟိမဝန္တာရှိ ဝင်္ကဘာတောင်တန်းကိုရောက်ကြတယ်။ ရောက်တော့ ဝင်္ကဘာတောင်တန်းမှာ အေးအေးချမ်းချမ်းနေထိုင်ကြတယ်။ ဝေဿန္တရာက တရားကျင့်တယ်။ မဒ္ဒီမိဖုရားက မိသားစု လေးယောက်ရဲ့ အစားအစာအတွက် သစ်ဥ သစ်ဖု အရှာထွက်ရတယ်။ နေကုန်နေခန်း တောကြီးမျက်မဲထဲမှာ ပင်ပင်ပန်းပန်း နေ့စဉ်နဲ့အမျှ အစာရှာထွက်ရသော်လည်း မဒ္ဒီမိဖုရား ပျော်ပါတယ်။ ကျေနပ်တယ်။ ဒီနေရာမှာ သတိပြုမိတာက သူမဟာ ဝေဿန္တရာကို တဏှာပေမသက်သက်နဲ့ အရူးအမူး ချစ်နေရုံသက်သက်မျှကြောင့်မဟုတ်ဘဲ၊ ဝေဿန္တရာရဲ့ ဘုရားဖြစ်ရေး လောကကို ကယ်တင်ရေးဆိုတဲ့ လမ်းစဉ်ကို မြတ်နိုးလွန်းလို့ လေးစားလွန်းလို့ ကြည်ညိုလွန်းလို့ သူမရဲ့ ချမ်းသာမှုတွေကို စွန့်လွှတ်ပီး တောကြီးမျက်ထဲအရောက်လိုက်လံဖြည့်ဆည်းပေးတာပါ။ တကယ်လို့သာ သူမဟာ ဝေဿန္တရာအပေါ်မှာ လေးစားကြည်ညို တန်ဘိုးထားမှုတွေမပါဘဲ တဏှာပေမသက်သက်အတွက်နဲ့သာချစ်ခဲ့တာဆိုရင် မဒ္ဒီဟာ ဒီလောက်ထိဘဝကို ရင်းရဲ ရင်းနိုင်မှာ မဟုတ်ပါဘူး။ အဆင်းရဲခံနိုင်မှာမဟုတ်ပါဘူး။  တကယ်လို့ တဏှာပေမသက်သက်ကို အခြေခံပီး ရင်းရဲ ရင်းနိုင်စေအုံးတော့၊ ရေရှည်မှာ ဒီလောက်အထိ ကျေနပ်စွာ ဖြည့်ဆည်းနိုင်မှာမဟုတ်ပါဘူး။ ခုတော့ အရာရာဟာ လောကအတွက်ပဲ ဖြစ်စေရမယ် ဆိုတဲ့ မြင့်မြတ်လှတဲ့ သံဓိဋ္ဌာန်နဲ့ ဗျူဟာအဆင့်ဆင့်ချမှတ်ပြီး ကြိုးစားနေတဲ့ မောင်တော် ဝေဿန္တရာကို ချစ်မေတ္တာရော လေးစားကြည်ညိုစိတ်ပါ အားကြီးမိသူမို့ ဒီလောက်အထိ ဖြည့်ဆည်းပေးနိုင်တာပါ။ သူမရဲ့ ဝေဿန္တရာအပေါ်ထားရှိတဲ့ အချစ်စိတ် မေတ္တာစိတ် လေးစားစိတ်တွေဟာ ပါရမီဖြည့်ရာမှာ အလွန်ထိရောက်တဲ့ စွမ်းအင်တွေပါပဲ။ ဒါကြောင့်လဲ သူမက မောင်တော်ရဲ့ လောကတ္ထစရိယဆိုတဲ့ လောကကောင်းကျိုးသယ်ပိုးရေး ခရီးလမ်းမှာ မငြီးမငြူ ကူညီဖြည့်ဆည်းရင်း ကျေနပ်နေသူရယ်ပါ။ သို့်သော်လဲ ဒီကျေနပ် ပီတီဖြစ်ရတဲ့ အခြေအနေဟာ အမှတ်မထင် ပျောက်ကွယ်ပျက်ဆီးဘို့အကြောင်းဖန်လာတော့တယ်။ တစ်နေ့မှာတော့ မဒ္ဒီမိဖုရား အစားအစာအတွက် သစ်ဥ သစ်ဖုအရှာထွက်နေတုန်း ဇူဇကာပုဏ္ဏားဟာ သားနဲ့သမီးကိုလာပီး အလှုခံပါတော့တယ်။ သဗ္ဗညုတဥာဏ်တော် ရရှိရေးကိုရည်မှန်းတောင့်တပြီးတော့ အလွန်ချစ်ရတဲ့ သားလေးနဲ့ သမီးလေးကို ဝေဿန္တရာဟာ လှုလိုက်ပါတော့တယ်။ ညနေချမ်းရောက်တော့ မိသားစုအတွက် သစ်ဥ သစ်ဖုတွေ မိသားစုအတွက် အားပါးတရသယ်ဆောင်လာခဲ့တဲ့ ယသောဓရာဟာ မြင်နေကျမြင်ကွင်းလေး မမြင်ရတော့ ရင်ထဲ နှလုံးထဲမှာ အလွန်ပဲ စိုးထိတ်မိခဲ့ပါတော့တယ်။ အဲဒီမြင်ကွင်းလေးကတော့ သူမကို အမောပြေစေတဲ့ သူမရဲ့ သားလေးနဲ့ သမီးလေးတို့ရဲ့ ပျော်ရွှင်စွာ ဆော့ကစားနေကြတဲ့ မြင်ကွင်းလေးပါပဲ။ ( ဆက်လက်တင်ပြပါမည်။ )

Saturday, December 8, 2012

အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ ( ၃ )

ယသောဓရာဟာ လောကသားတွေအားလုံးအတွက် အဂ္ဂဗျူဟာ သဘောတရားအရ သုမေဓာရှင်ရသေ့နဲ့အတူ ဘဝရဲ့အရာရာကို စွန့်လွှတ်အနစ်နာခံ ကြိုးစားတော့မည်ဖြစ်ကြောင်း ဆုံဖြတ်ခဲ့တာကို စာဖတ်သူများသိခဲ့ကြပြီးဖြစ်ပါတယ်။ ဒီနေရာမှာ အရာရာကို စွန့်လွှတ်မှု အကြောင်း မပြောခင် အဂ္ဂဗျူဟာအထိ မျှော်မှန်းနိုင်တဲ့ ဆုံးဖြတ်ရဲတဲ့ အမျိုးသမီးငယ်လေး သုမိတ္တာရဲ့ အသိဥာဏ်အဆင့်အတန်းနဲ့ သတ္တိကို ပြောပြချင်ပါတယ်။ လောကရဲ့ နိုင်ငံရေး စီးပွါးရေး လူမှုရေး စစ်ရေးစတဲ့ အရေးအရာတွေကို အောင်မြင်အောင် ဆောင်ရွက်ကြိုးပမ်းကြရတဲ့အခါမှာ ဗျူဟာ အဆင့်ဆင့် သတ်မှတ်ပြီး ဆောင်ရွက်ကြရတယ်ဆိုတာ ဗဟုသုတရှိသူတိုင်း နားလည်သဘောပေါက်ကြပြီးသားပဲဖြစ်ပါတယ်။ ဗျူဟာနဲ့ပတ်သက်လို့ မိမိနားလည်သလောက် အကျဉ်းချုပ်ပြောရမယ်ဆိုရင် ၁။ နည်းဗျူဟာ၊ ၂ ။ မဟာဗျူဟာ နဲ့ ၃ ။ အဂ္ဂဗျူဟာတို့ပဲ ဖြစ်ပါတယ်။ အဲဒီသုံးမျိုးအနက်က အဂ္ဂဗျူဟာဆိုတာ ဘယ်တော့မှ အောက်တန်းကို နိမ့်ကျခြင်း လျှောကျခြင်း မဖြစ်နိုင်တော့တဲ့ ထာဝရ တည်ငြိမ် အေးချမ်းစွာ ရပ်တည်ရင်း အဆုံးစွန် မြင့်မြတ်သော အခြေအနေကို ရောက်ရှိသွားရေး ရည်မှန်းချက်တစ်ခုပါပဲ။ မဟာဗျူဟာဆိုတာကတော့ ရေရှည်အောင်ပွဲရဘို့အတွက် နောင်ဘယ်နှစ်ဘယ်ကာလမှာ အောင်မြင်မှုအတိုင်းအတာ ဘယ်လောက်အထိရောက်ရှိရမယ်ဆိုတဲ့ ရေရှည်မျှော်မှန်းချက်ဖြစ်ပါတယ်။ နည်းဗျူဟာဆိုတာကတော့ အဲဒီ အဂ္ဂဗျူဟာတွေ မဟာဗျူဟာတွေ အောင်မြင်ရေးအတွက် ချမှတ်ကျင့်သုံးကြရတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ နည်းစံနစ်တွေ၊ စည်းကမ်းဥပဒေတွေပဲ ဖြစ်ပါတယ်။ ဒီရှင်းပြချက်ဟာ မိမိနားလည်သလောက် နားလည်ထားသလို ရှင်းပြလိုက်တာပါ။ ယသောဓရာအကြောင်းပြန်ဆက်ပါမယ်။ ယသောဓရာဟာ ခုပြောပြခဲ့တဲ့ ဗျူဟာသုံးမျိုးလုံးကို လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် ဘုရားအလောင်းတော်နဲ့လက်တွဲပြီး မလျှော့တမ်း နောက်မဆုတ်တမ်း မနေမနား ကြိုးစားဆောင်ရွက်ခဲ့သူရယ်ပါ။ ဗုဒ္ဓဝါဒရှုထောင့်အရ ဒီဗျူဟာသုံးမျိုးကို ဆီလျော်အောင် နှိုင်းယှဉ်သုံးသပ်ပြရမယ်ဆိုရင် ၁။ အဂ္ဂဗျူဟာဆိုတာ လူမျိုးမရွေး ဘာသာမရွေး နိုင်ငံမရွေး ဆင်းရဲချမ်းသာ အလွှာမရွေး ဘုံဗိမာန်မရွေး သတ္တဝါမှန်သမျှ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိရောက်ရှိရေးပါပဲ။ ၂။ မဟာဗျူဟာဆိုတာကတော့ သတ္တဝါမှန်သမျှ သံသရာတစ်လျှောက်လုံးမှာ အထက်တန်းကျ မျက်နှာပန်းလှလှဖြင့် ကျင်လည်နိုင်ရေး၊ လူဖြစ်ရင်လဲ အထက်တန်းလွှာ လူတန်းစားများအဖြစ် တစ်ပြေးညီ နေထိုင်ဆက်ဆံပေါင်းသင်းနိုင်ရေး၊ ဒီထက် နတ်ဘုံဆိုတဲ့ အထက်တန်းကျတဲ့ စည်းစိမ်တွေပြည့်ဝလှတဲ့ ကောင်းကင်ဘုံကိုရောက်ရှိရေး၊ ဗြဟ္မာဘုံဆိုတဲ့ ကောင်းကင်ဘုံမှာ  ဈန်စည်းစိမ်တွေနဲ့ ကမ္ဘာများစွာ အေးချမ်းမှုကို ခံစားနိုင်ရေးတို့ပဲဖြစ်ပါတယ်။ ၃။ နည်းဗျူဟာဆိုတာကတော့ အထက်ပါ ရည်မှန်းချက် နှစ်ခုစလုံး အောင်မြင်ရေးအတွက် လက်တွေ့ချမှတ်ကျင့်သုံးရတဲ့ ဒါန သီလ ဘာဝနာ တွေပဲဖြစ်ပါတယ်။ အထူးသဖြင့် ဘုရားအလောင်းတော်နဲ့ ယသောဓရာတို့အတွက်တော့ ပါရမီဆယ်ပါးဟာ နည်းဗျူဟာတွေပါပဲ။ ဒီပါရမီဆယ်ပါးဆိုတဲ့ နည်းဗျူဟာတွေကို တစ်ဘဝတည်းလည်းမဟုတ်၊ တစ်ကမ္ဘာလဲ မက၊ ကမ္ဘာတစ်ထောင်ထက်လဲ ကျော်လွန်တဲ့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် ကြိုးစားရုန်းကန်ဖြည့်ဆည်းခဲ့ကြရပါတယ်။ လောကသားတွေအတွက် ဒီလောက်အထိ အနစ်နာခံပြီး ဆောင်ရွက်ခဲ့တဲ့ အမျိုးသမီးခေါင်းဆောင်ရယ်လို့ ပိဋကတ်စာပေကလွဲရင် ဘယ်သမိုင်းထဲမှာမှ ဘယ်စာပေထဲမှာမှ ရှာလို့တွေ့နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဗုဒ္ဓဝါဒဆိုတာဟာ လောကသားတွေရဲ့ကောင်းကျိုးတွေအတွက် အဲဒီလို ဗျူဟာတွေချမှတ် လုပ်ဆောင် ဖြည့်ကျင့်ပြီးမှ ပေါ်ပေါက်လာရတဲ့ ဘာသာတရားမျိုးပါ။ ဥံဖွ ဖြစ်စေ တည်စေဆိုပြီး မန်းမှုတ်လို့ဖြစ်တည်လာခဲ့တာမဟုတ်သလို တန်ခိုးရှင်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဖန်ဆင်းမှုကြောင့်ဖြစ်ပေါ်လာတာလဲမဟုတ်ပါဘူး။ ဒီတော့ ယသောဓရာဟာ ဒီလိုဗျူဟာတွေကို ချမှတ်ပြီး ဘဝဆက်တိုင်းကျင့်သုံးခဲ့တာဟာ သူမအတွက် သက်သက်လုံးဝမဟုတ်ဘဲ လောကသားတွေအတွက်ကိုသာ အဓိကအားဖြင့် ရည်းစူးဖြည့်ကျင့်ခဲ့သူဆိုတာ ထင်ရှားလှပါတယ်။ တကယ်လို့သာ သုမိတ္တာဆိုတဲ့ အမျိုးသမီးငယ်လေးဘဝမှာ အသိဥာဏ် အဆင့်အတန်းနိမ့်နေခဲ့ရင်၊ အသိဥာဏ်ရှိအုံးတော့ သတ္တိနည်းနေခဲ့ရင် လောကသားတွေအတွက် ဒီလို ဗျူဟာတွေကို ချမှတ်ကျင့်သုံးနိုင်မှာမဟုတ်ပါဘူး။ သုမေဓာဆိုတဲ့ ရသေ့လေးရဲ့ ဘုရားဖြစ်ရေး ဗျူဟာတွေကို သူမ ပူးပေါင်းဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။  ခုတော့ သူမရဲ့ အသိဥာဏ်နဲ့ သတ္တိစွမ်းပကားကြောင့် ဗုဒ္ဓဝါဒ ပေါ်ထွန်းခဲ့တဲ့အထိ သတ္တဝါအများကျွတ်တန်းဝင်ကြရတဲ့အထိ ကောင်းကျိုးတွေ ဝေဖြာခဲ့ရတယ်။  ဒါနဲ့ ပတ်သက်လို့ ပိုပီးထင်ရှုားအောင် ဆက်လက်တင်ပြချင်ပါတယ်။