ဘုရားမြတ်စွာသည် အမှန်တရားကိုရှာဖွေခြင်းမှ အစပြုသည်။ ကျွန်ပ်တို့သည် ကိုယ်ပိုင်အတွေ့ အကြုံပေါ်
မီပြီး မှန်သောတရားကို ယုံကြည်ရမည်။ ကြောင်း ကျိုး ဆင်ခြင်မှုနှင့် ကိုက်ညီသောတရားကိုရှာဖွေရမည်။
အကောင်းဆုံး အမြတ်ဆုံးဖြစ်သောတရား သတ္တ၀ါအများအတွက် အကျိုးစီးပွားဖြစ်ထွန်းမည့်တရားကိုသာ
ယုံကြည့်ရမည်ဟု ဘုရားက သင်ကြား ပြသတော်မူပါသည်။
Essential Themes of Buddhist Lectures.....
ဖြေရှင်းနည်း
ကိစ္စတစ်ရပ်ကို ဖြေရှင်းရာတွင် ဘုရားမြတ်စွာက သွန်သင်ဆုံးမတော်မူခဲ့သည့်နည်းလမ်း
အတိုင်းငြိမ်းချမ်းစွာ ( peacefully ) နှင့်ဒီမိုကရေစီကျစွာ ( democratically ) စဉ်းစားဖြေရှင်းရပေလိမ့် မည်။
အိန္ဒိယနိုင်ငံဝန်ကြီးချိပ် နေရူး Nehru prime minister of lndia......
မျက်ကန်းယုံကြည်ခြင်း
လူသည်ကိုယ့်အားကိုယ်ကိုးရမည်။ ဘုရားက ကျွန်ပ်တို့ကို ကယ်တင်နိုင်သည်ဟု ယုံကြည်ခြင်းသည်..မျက်ကန်းယုံကြည်ခြင်း အမြင်ဖြစ်သည်။ ဘုရားသည် လမ်းညွှန်ပြသော်လည်း ကျွန်ပ်တို့
အတွက် ထိုလမ်းကို လျှောက်ပေးလိမ့်မည်ကား မဟုတ်ပေ...။
ခြားနားခြင်း
ဆင်ခြင်တုံတရားရှိသူနှင့် ရူးသွပ်သူတို့ ကွဲပြားခြားနားသကဲ့သို့ မြတ်ဘုရားက သာမန်လူတစ်
ယောက်တို့သည်လည်း ကွဲပြားခြားနားပေသည်။ ဆရာ A Writer
အကြောင်းနှင့် အကျိုး
ဘုရားက မသိနားမလယ်မူ အ၀ိဇ္စာ ကြောင့် လောက၏ ဒုက္ခအပေါင်းကို ခံစားကြရ၏။
မိမိ၏ အလုပ် ကမ္မ နှင့်အညီ ဘ၀ တခုမှ တခုသို့ ကျင်လယ်နေကြရ၏။ ကောင်းသောအလုပ်ရင် ကောင်း
သောအကျိုးကိုခံစားရ၏ ဟုမိန့်တော်မူခဲ့၏။
တရားတော်
ရှင်တော်မြတ်ဘုရားတရားတော်သည် အယူဝါဒ doctrine နှင့် တရားသေ၀ါဒ dogma များထက်
ပိုမိုမြင့်မြတ်ပေသည်။ ဘုရား၏ လောကုတ္တရာ ဟောကြားချက်များသည် ခေတ်အဆက်ဆက် လူသားတို့အား တုန်လှုပ်စေခဲ့သည်။ ဒုက္ခအမျိုးမျိုးခံစားနေရပြီး ဘ၀လမ်းကြောင်းပျောက်နေသော သူများအတွက် ဘုရား၏ ငြိမ်းချမ်းရေးတရားတော်များသည် အတိတ်ကာလ ကထက် ယနေ့ပိုပြီး လိုအပ်ပါသည်။
အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် နေရူး......။

No comments:
Post a Comment