မေတ္တာသည်..................စိတ်ရှည်တတ်၏။
မေတ္တာသည်.................ကျေးဇူးပြုတတ်၏၊။
မေတ္တာသည်.................ဂုဏ်ပြိုင်တတ်ခြင်းမရှိ။
မေတ္တာသည်.................၀ါးကြွားတတ်ခြင်းမရှိ။
မေတ္တာသည်...................မာန်မာနထားခြင်းမရှိ။
မေတ္တာသည်.................မလျှော်သောအကျင့်ကိုမကျင့်။
မေတ္တာသည်................ကိုယ်ကျိုးကိုမရှာတတ် ။
ဘုရားရှိခိုးခြင်း ဟူသည်
ဘုရားရှိခိုးခြင်းသည် စိတ်တည်ငြိမ်အောင်ပြုလုပ်သည်ဟု မှားယွင်းစွာ ထင်မြင်သူအချို့ ရှိကြလေသည်။ အမှန်စင်စစ် ယင်းထက် အဓိပ္ပါယ်များစွာ ကျယ်ဝန်းသည်ကို သိရှိရန် လိုအပ်ပါသည်။
ဘုရားရှိခိုးပူဇော်ရန် နည်းလမ်းမှာ - ရတနာသုံးပါးအပေါ် ယုံကြည်မှုထက်သန်သော
သဒ္ဒါ၊ စင်ကျယ်သော သီလ၊ တည်ငြိမ်သော သမာဓိ၊ မပြန့်လွင့်သော သတိ၊
သစ္စါလေးပါးနှင့် မြတ်တရားအကျိုး အကြောင်းတို့ကို သိမြင်သော ပညာ စသည့် ဗိုလ်
အင်္ဂ...See More
အချစ်လူမိုက်..........
ကိုယ်ကိုကိုယ်တွေး ကိုယ်မေးလေပါ၊
ကိုယ်နဲ့သူများ သနားဘယ်ဟာ ၊
သူများသနား ချစ်အားပိုကာ၊
ကိုယ်ကျင့်တရား ရှောင်ရှားဖယ်ခွါ။
စားဝတ်နေမှု အားပြုဖွေးရှာ။
ချစ်လူမိုက် ဂွတ်စိုက် ပါယ်လေးရွာ။
“ဒေါသဖြစ်ရင် အဆိပ်သင့်သလို”
ဘုရားဟောထားတာရှိတယ်။
" သဒေါသံဝါ စိတ္တံ၊ သဒေါသံ စိတ္တန္တိ ပဇာနာတိ " တဲ့ ။ " ဒေါသနှင့်တကွဖြစ်သော
စိတ်ကို ဒေါသနှင့်တကွဖြစ်သော စိတ် ဟူ၍ သိ၏" တဲ့ ။ ဒီထက်ရိုးအောင်၊
ရှင်းအောင်ပြောရရင် " ဒေါသစိတ်ကို ဒေါသစိတ်ဟူ၍သိ၏" တဲ့ ။ ဒေါသစိတ်ကို လို့
ဆိုကတည်းက ငါ့ဒေါသလို့ မဆိုလိုဘူးနော်- ငါမဟုတ်ဘူး။
ဒေါသကို ကြည့်တတ်တဲ့ အလေ့အကျင့်ကို များများလုပ်လာလို့ရှိရင် တစ်ခါတစ်လေ ဒေါသစိတ်ကလေးနည်းနည်းလေးပေါ်လာတာနဲ့ ချက်ချင်း မြင်လိုက်တဲ့အခါ ၊ ကိုယ်က မဖန်တီးဘဲနဲ့ဖြစ်လာတာပါလားဆိုတာ
ကောင်းကောင်းသိတယ် ။ အလိုမကျတာနဲ့ တွေ့တဲ့အတွက်ကြောင့်
ဗြုန်းခနဲဒေါသစိတ်ကလေးတစ်ခု ပေါ်လာတယ် ။အဲဒီလို မြင်လိုက်တဲ့အခါ ဒီဒေါသဟာ ငါ
မဟုတ်ပါလားဆိုတာ ပိုရှင်းတယ် ။ ငါမဟုတ်တဲ့ ဒေါသကို မြင်လိုက်တယ် ။ ဒေါသနဲ့
ငါ နဲ့ တခြားစီဖြစ်သွားရင် ဒီဒေါသကို ကိုင်တွယ်ရတာ ၊ အင်မတန် လွယ်သွားတယ်
။ဒါကို သဘောပေါက်ဖို့ အင်မတန် အရေးကြီးတယ် ။
No comments:
Post a Comment