Friday, November 2, 2012

ငါတို့ဘုရား.................


ကဆုန်လပြည့် နေ့သောကြာ ဘုရားဖွားတဲ့ နေ့မြတ်ပါ သက္ကရာဇ်မှာ ခြောက်ဆယ်ရှစ် သုဒ္ဓေါမင်း ဖစစ်၊ မာယာဒေ၀ီမွေးမယ်တော် ကပိလ၀တ်နေပြည်တော် သာကီမျိုးနော်ထင်ရှားလှ နွယ်တော်ဂေါတမ၊ သိဒ္ဓိတ္ထတဲ့မည်နာမံ 16-နှစ်မှာထီးနန်းစံ နှစ်ဆယ့်ကိုးမှာ တောထွက်သွား ၆-နှစ်ကျင့်တရား၊ သုံးဆယ့်ငါးနှစ် ပြည့်လေတုံ တရားသုံးခု ကြုံ လပြည့်ကဆုန်း ဗုဒ္ဓဟူး ဘုရားဖြစ်တဲ့ နေအထူး ၊ တရားဦးမြတ် ဓမ္မစက္ကေ ၀ါဆိုလပြည့်ဟောစနေ သက်တော်ရှစ်ဆယ် တိုင်အောင်ထိ သတ္တ၀ါ အကျိုးသယ်ပိုး၏၊ သောင်းတိုက်မှုးကြီး တို့မြတ်စွာ ဘုံသုံးပါးလုံးထင်ရှားပါ လူနတ်ဗြဟ္မာ လွန်ကျော်ကြား ငါတို့ဘုရား ဒို့ဘုရား ငါတို့ဘုရား ဒို့ဘုရား။ ။ ။ ရွှေသုဝဏ်

No comments:

Post a Comment