Saturday, November 3, 2012


1။ လောကကြီးမှာ နေရတာ မိုက်တာလွယ်လျှက်၊ လိမ္မာဖိုရာခတ်။ 2။ ပစ္စည်းဥစ္စာ၊ ငွေကြေးမှာ၊ ဖြန့်တာလွယ်လျှက်၊ အရှာခတ်။ 3။ ရောင်းတာဝယ်တာ၊ အရာရာ ၊ ၀ယ်တာလွယ်လျှက်၊ အရောင်းခတ်။ 4။ ဒါန သီလ ဘာဝနာ ဟောတာလွယ်လျှက်၊ အကျင့်ခတ်။ 5။ ဘာသာတရား လွန်ပေါများ၊ မှားတာလွယ်လျှက် အမှန်ခတ်။ 6။ အချင်းချင်းဟာ မုန်းဖိုရာ လွန်စွာလွယ်လျှက် ချစ်ဖိုခတ်။ 7။ အမြို့မြို့အရွာရွာ နိင်ငံတကာ လူကြီးလုပ်တာလွယ်လျှက် အစီ မံတတ်ဖိုခတ်။ 8။ ကိုးဆယ်ခြောက်ဖြာ ဘေးရောဂါ ရတာလွယ်လျှက် ပြောက်ဖိုခတ်။ လူ( ၃ )ဦး လူငယ်သုံးဦး လူ လူ့ လူး အထူးမှတကြပါ။ သတိ သူရကျင့်မြတ်လှ ရှိက လူ ခေါ်ပါ။ သတိ သူရ ကျင့်မြတ်လှ မရှိက လူ့ ခေါ်ပါ။ မှန် မမှန်အကြောင်း မသိစောင်း အပေါင်း လူ့ ခေါ်ပါ။ အကျိုးရှိ မရှိ သူမသိ မှတ်ဘိ လူး ခေါ်ပါ။ ကုသိုလ် အကုသိုလ် မသိကို ခေါ်ဆိုလူ့ မှတ်ပါ။ လူသားဖြစ်ရန် သတိငံ ရွှေဥာဏ်စောကြရာ။

No comments:

Post a Comment