Tuesday, December 4, 2012

ချစ်နှမကို ပြုစုရမည်

မယားကိုပြုစုအပ်၏-

အနောက်အရပ်မည်သော
မယား ကိုပြုစုအပ်၏။

၁။ အမြတ်တနိုး ခေါ်ဆိုခြင်းဖြင့် လည်းကောင်း။
၂။ နှိမ့်ချ၍ မခေါ်ဆိုခြင်းဖြင့် လည်းကောင်း။
၃။ မိမိမယားကို လွန်၍ အခြားမိန်းမတို့၌ မပျော်ပါးခြင်းဖြင့် လည်းကောင်း။
၎။ စဖိုဆောင်အုပ်စိုးမှုကို လွှဲအပ်ခြင်းဖြင့် လည်းကောင်း။
၅။ အဝတ်တန်ဆာကို ပေးခြင်းဖြင့် လည်းကောင်း ပြုစုအပ်၏။

အနောက်အရပ်မည်သော မယားသည်
ငါးပါးသော အကြောင်းတို့ဖြင့် လင်ဖြစ်သူကို စောင့်ရှောက်၏။

၁။ အမှုကြီးငယ်ကိုလည်း ကောင်းစွာ စီရင်၏။
၂။ နှစ်ဖက်သော ဆွေမျိုးကိုလည်း ချီးမြှောက်၏။
၃။ မိမိလင်မှတစ်ပါး အခြားယောက်ျား၌ လွန်ကျူးသော အကျင့်မှ ကင်း၏။
၎။ ရှာဖွေစုဆောင်းခဲ့သော ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်၏။
၅။ အလုံးစုံသော ကိစ္စတို့၌ လိမ္မာ၍ ပျင်းရိခြင်းကင်း၏။

အနောက်အရပ်မည်သော မယားသည်
ဤငါးပါးသော အကြောင်းတို့ဖြင့် လင်ကို စောင့်ရှောက်၏၊

ဤသို့ပြုစုသည်ရှိသော်
ဤ အနောက်အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။



အဆွေခင်ပွန်းတို့ကို ပြုစုအပ်ကုန်၏-

မြောက်အရပ်မည်သော
အဆွေခင်ပွန်း တို့ကို ပြုစုအပ်ကုန်၏။

၁။ ပေးကမ်း စွန့်ကြဲခြင်းဖြင့် လည်းကောင်း။
၂။ ချစ်ဖွယ်သော စကားကို ဆိုခြင်းဖြင့် လည်းကောင်း။
၃။ အကျိုးစီးပွားကို ကျင့်ဆောင်ခြင်းဖြင့် လည်းကောင်း။
၎။ မိမိနှင့် ထပ်တူညီမျှ ဆက်ဆံခြင်းဖြင့် လည်းကောင်း။
၅။ မချွတ်မယွင်း ပြောဆို ပေးကမ်းခြင်းဖြင့် လည်းကောင်း ပြုစုအပ်ကုန်၏။

မြောက်အရပ် မည်သော အဆွေခင်ပွန်းတို့သည်
ငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားကို စောင့်ရှောက် ကုန်၏။

၁။ မူးယစ်သော မိတ်ဆွေကို စောင့်ရှောက် ကုန်၏။
၂။ မူးယစ်သော မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက် ကုန်၏။
၃။ ကြောက်ရွံ့သော မိတ်ဆွေ၏ အားကိုးရာဖြစ် ကုန်၏။
၎။ ဘေးရန်ဖြစ်လတ်သော် မစွန့်ပစ်ကုန်။
၅။ ထိုမိတ်ဆွေ၏ သားမြေးအဆက်ဆက်တို့ကိုလည်း တုံ့ပြန် ချီးမြှောက် ကုန်၏။

မြောက်အရပ် မည်သော အဆွေခင်ပွန်းတို့သည်
ဤငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားကို စောင့်ရှောက် ကုန်၏။

ဤသို့ ပြုစုသည်ရှိသော်
ဤ မြောက်အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။

No comments:

Post a Comment