Tuesday, December 4, 2012

သိထားရမည် မိတ်ဆွေသူငယ်ချင်းများ

မိတ်ဆွေစစ် လေးယောက်-

မိတ်ဆွေစစ် လေးယောက်-

၁။ အကြင် မိတ်ဆွေသည် ကျေးဇူးပြုတတ်၏၊
၂။ အကြင် မိတ်ဆွေသည် ချမ်းသာအတူ ဆင်းရဲအတူ ဖြစ်၏၊
၃။ အကြင် မိတ်ဆွေသည် အကျိုးစီးပွါးကို ပြောကြားတတ်၏၊
၎။ အကြင် မိတ်ဆွေသည် အစဉ်သနားတတ်၏။


မိတ်ဆွေစစ်ဟုသိရန် အကြောင်း ၄-ပါး-

မိတ်ဆွေစစ်ဟုသိရန် အကြောင်း ၄-ပါး

၁။ ထိုမိတ်ဆွေ၏ ဆုတ်ယုတ်ပျက်စီးခြင်းကို မနှစ်သက်။
၂။ ထိုမိတ်ဆွေ၏ ဖြစ်ထွန်းတိုးတက်ခြင်းကို နှစ်သက်၏။
၃။ ထိုမိတ်ဆွေအား ကဲ့ရဲ့စကားပြောသူကို ကန့်ကွက်တားမြစ်တတ်၏။
၎။ ထိုမိတ်ဆွေအား ချီးမွမ်းစကားပြောသူကို ထောက်ခံချီးမွမ်းတတ်၏။

ဤလေးပါးသော အကြောင်းတို့ဖြင့်
အစဉ်သနားတတ်သော ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို သိအပ်၏။

No comments:

Post a Comment