Monday, December 3, 2012

ကုသိုလ် နှင့် အကုသိုလ် သိထားသင့်တယ်

ကုသိုလ်ကံ၊ အကုသိုလ်ကံ ခြားနားမှု ပြဿနာ-

ကုသိုလ်ကံ၊ အကုသိုလ်ကံ ခြားနားမှု ပြဿနာ


"ကုသိုလ်ကံ၊ အကုသိုလ်ကံ ခြားနားမှု ပြဿနာ"
မိလိန္ဒမင်းသည်- အသျှင်ဘုရားနာဂသေန

အချို့သောလူတို့သည် အသက်တိုကုန်၏၊
အချို့သော လူတို့သည် အသက်ရှည်ကုန်၏၊
အချို့သော လူတို့သည် အနာများကုန်၏၊
အချို့သော လူတို့သည်အနာနည်းကုန်၏၊
အချို့သော လူတို့သည် အဆင်းမလှကုန်၊
အချို့သော လူတို့သည် အဆင်းလှကုန်၏၊
အချို့သော လူတို့သည် တန်ခိုးနည်းကုန်၏၊
အချို့သော လူတို့သည် တန်ခိုးကြီးကုန်၏၊
အချို့သော လူတို့သည် ဥစ္စာစည်းစိမ် နည်းပါးကုန်၏၊
အချို့သော လူတို့သည် ဥစ္စာစည်းစိမ် များပြားကုန်၏၊
အချို့သော လူတို့သည် အမျိုးဇာတ် ယုတ်နိမ့်ကုန်၏၊
အချို့သော လူတို့သည် အမျိုးဇာတ် မြင့်မြတ်ကုန်၏၊
အချို့သော လူတို့သည် ပညာမဲ့ကုန်၏၊
အချို့သော လူတို့သည် ပညာရှိကုန်၏၊
လူအားလုံးတို့သည် အဘယ့်ကြောင့် မတူမျှကြပါကုန်သနည်းဟု မေးလျှောက်သော်။

အရှင်နာဂသေန မထေရ်သည်

အချို့ သစ်ပင်တို့သည် ချဉ်ကုန်၏၊
အချို့ သစ်ပင်တို့သည် ငံကုန်၏၊
အချို့ သစ်ပင်တို့သည် ခါးကုန်၏၊
အချို့ သစ်ပင်တို့သည် စပ်ကုန်၏၊
အချို့ သစ်ပင်တို့သည် ဖန်ကုန်၏၊
အချို့ သစ်ပင်တို့သည် ချိုကုန်၏၊
သစ်ပင်အားလုံးတို့သည် အဘယ့်ကြောင့် မတူမျှကြကုန်သနည်းဟု မိန့်တော်မူ၏။

အသျှင်ဘုရား မျိုးစေ့တို့၏ ခြားနားခြင်းကြောင့် မတူမျှကြကုန်ဟု မှတ်ထင်ပါ၏။

မင်းမြတ် ဤအတူသာလျှင်
ကုသိုလ်ကံ, အကုသိုလ် ကံတို့၏ ခြားနားခြင်းကြောင့်

အချို့လူတို့သည် အသက်တိုကုန်၏၊
အချို့လူတို့သည် အသက်ရှည်ကုန်၏၊
အချို့လူတို့သည် အနာများကုန်၏၊
အချို့လူတို့သည် အနာနည်းကုန်၏၊
အချို့လူတို့သည် အဆင်းမလှကုန်၊
အချို့လူတို့သည် အဆင်းလှကုန်၏၊
အချို့လူတို့သည် တန်ခိုးနည်းကုန်၏၊
အချို့လူတို့သည် တန်ခိုးကြီးကုန်၏၊
အချို့လူတို့သည် ဥစ္စာစည်းစိမ် နည်းပါးကုန်၏၊
အချို့လူတို့သည် ဥစ္စာစည်းစိမ် များပြားကုန်၏၊
အချို့လူတို့သည် အမျိုးဇာတ် ယုတ်နိမ့်ကုန်၏၊
အချို့လူတို့သည် အမျိုးဇာတ် မြင့်မြတ်ကုန်၏၊
အချို့လူတို့သည် ပညာမဲ့ကုန်၏၊
အချို့လူတို့သည် ပညာရှိကုန်၏၊

မင်းမြတ် မြတ်စွာဘုရားသည်---

သတ္တဝါတို့သည်
ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊
ကံ၏ အမွေခံဖြစ်ကုန်၏၊


ကံသာလျှင် အကြောင်း ရှိကုန်၏၊
ကံသာလျှင် ဆွေမျိုးရှိကုန်၏၊
ကံသာလျှင် ကိုးစားရာ ရှိကုန်၏၊
အကြင်ကံသည် ရှိ၏၊
ထိုကံသည် သတ္တဝါတို့ကို
အယုတ်အမြတ် ဖြစ်ခြင်းငှါ ဝေဖန်၏'' ဟု
ဤတရားကိုလည်း ဟောကြားအပ်၏ဟု မိန့်တော်မူ၏။

အသျှင်ဘုရားနာဂသေန သင့်လျော် လျောက်ပတ်ပါပေ၏ဟု လျှောက်၏။
လေးခုမြောက် ကမ္မနာနာကရဏပဥှာ ပြီး၏။ 




လောင်းကစားခြင်း အပြစ် ၆-ပါး-

လောင်းကစားခြင်း အပြစ် ၆-ပါး-

မေ့လျော့ကြောင်းဖြစ်သော လောင်းကစားလေ့ ရှိခြင်း၌ အပြစ်တို့သည်
ဤ ၆-ပါး- တို့ပေတည်း

၁။ နိုင်သော် ရန်ပွား၏၊
၂။ ရှုံးသော် ဥစ္စာအတွက် ပူပန်ရ၏၊
၃။ ကိုယ်တွေ့မျက်မြင် ဥစ္စာဆုတ်ယုတ်၏၊
၎။ တရားရုံး၌ ထိုသူ၏ စကားသည် မတည်၊
၅။ အဆွေခင်ပွန်းတို့သည် မထီမဲ့မြင် ပြုကြ၏၊
၆။ ''ဤသူသည် ကစားသမားတည်း၊ မယားကို ကျွေးမွေးရန် မစွမ်းနိုင်'' ဟု
သမီးပေး သမီးယူပြုလိုကုန်သော သူတို့သည် အလိုမရှိကြကုန်။

လောင်းကစားလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။

လက္ခဏသုတ်၊ ပါထိက၀ဂ်၊ ဒီဃနိကာယ်။

No comments:

Post a Comment