Monday, December 3, 2012

အပြစ်ကင်းအောင်နေလိုက်ပါ

အဆွေခင်ပွန်းယုတ်၏ အပြစ် ၆-ပါး-

မကောင်းသော သူတို့ကို အဆွေခင်ပွန်း ပြုလေ့ရှိခြင်း၌ အပြစ် ၆-ပါး

၁။ အကြင်သူတို့သည် လောင်းကစားကြူးကုန်၏၊
၂။ အကြင်သူတို့သည် ကာမဂုဏ်ကြူးကုန်၏၊
၃။ အကြင်သူတို့သည် သေသောက်ကြူးကုန်၏၊
၎။ အကြင်သူတို့သည် အတုပြု၍ လှည့်ပတ်တတ်ကုန်၏၊
၅။ အကြင်သူတို့သည် မာယာဖြင့် လှည့်ပတ်တတ်ကုန်၏၊
၆။ အကြင်သူတို့သည် အနိုင်အထက် ပြုတတ်ကုန်၏၊

ထို့ကြောင့် ပစ္စုပ္ပန်၌လည်းကောင်း၊
တမလွန်၌ လည်းကောင်း ပျက်စီးခြင်းသို့ ရောက်၏၊
မကောင်းသော သူတို့ကို အဆွေခင်ပွန်း ပြုလေ့ရှိခြင်း၌
အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။


ပျင်းရိလေ့ရှိသူတို့၏ အကြောင်း ၆-ပါး-

ပျင်းရိလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။

၁။ အေးလွန်းသည်ဟု အမှုကိစ္စကို မပြု၊
၂။ ပူလွန်းသည်ဟု အမှုကိစ္စကို မပြု၊
၃။ မိုးချုပ်လွန်းသည်ဟု အမှုကိစ္စကို မပြု၊
၎။ စောလွန်းသည်ဟု အမှုကိစ္စကို မပြု၊
၅။ ဆာလွန်းသည်ဟု အမှုကိစ္စကို မပြု၊
၆။ ဝလွန်းသည်ဟု အမှုကိစ္စကို မပြု၊

ဤသို့ မခိုင်လုံသော ကိစ္စများကို ယိုးမယ်ဖွဲ့၍နေသော ထိုသူအား မဖြစ်သေးသော
စည်းစိမ်တို့သည်လည်း မဖြစ်ကုန်၊ ဖြစ်ပြီးသော စည်းစိမ်တို့သည်လည်း ပျက်စီးခြင်းသို့ ရောက်ကုန်၏။

ပျင်းရိလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။

No comments:

Post a Comment