Tuesday, December 18, 2012

ကောင်းကွက်ကိုရှာ

ဇလွန်မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားကြီး စမ္မခဏ် ဂါထာတော်


ဇလွန်မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားကြီး စမ္မခဏ် ဂါထာတော်
- ဣတိပိ ပိဋကတ္တ ယံ အနိစ္စံ ဒုက္ခံ အနတ္တံ ။
- သတ္တ ဗောဇ္ဈင် င်္ဂေါ အဋ္ဌင်္ဂိ ကော မဂ္ဂေါ စတု သတိ ပဋ္ဌာနံ ၊
- သဗ္ဗ ဿ ဣန္ဒော သဟဿ သူ ရိ ယော ။
- ဩောင်း နမော ဗု ဒ္ဓါနံ ၊ ရာဇဘယံ ၊ စောရဘယံ ၊ ဥဒက ဘယံ ၊
အဂ္ဂိဘယံ ၊ သတ္ထဘယံ ၊ သဗ္ဗဘယံ ၊ ဇယော ဇယတု မင်္ဂလံ ။
- အနိစ္စံ ၊ သင်္ခတံ ၊ ပဋိစ္စ သမုပ္ပန္နံ ၊ ခယဓမ္မံ ၊ ၀ယဓမ္မံ ၊ ၀ိရာဂဓမ္မံ ၊
နိ ရောဓ ဓမ္မံ ၊ ပဏ္ဍိ တာ ခမန္တိ ။
အနက်ဖွင့်ဆိုချက်
ဣတိပိ ပိဋကတ္တ ယံ အနိစ္စံ ဒုက္ခံ အနတ္တံ -

ဤသို့ဖြစ်ခြင်းပျက်ခြင်း သဘောရှိ သောကြောင့်  အနိ စ္စ ၊ ဤသို့  မပြတ် နှိ ပ် စက် ခြင်း သဘောရှိ သောကြောင့်  ဒု က္ခ ၊ ဤသို့ မိမိ အလိုသို့ မလိုက်ခြင်း သဘော ရှိသောကြောင့် အနတ္တ မည်၏။
သတ္တ ဗောဇ္ဈင် င်္ဂေါ – ၇ ပါးသော ဗောဇ္ဈင် တို့ သည် လည်းကောင်း ၊
အဋ္ဌင်္ဂိ ကော မဂ္ဂေါ – အင်္ဂါ ရှ စ် ပါး ရှိ သော ၊
စတုပဋ္ဌာနံ – ဟေတု အာရမ္မဏ စသည့် ၂၄ ပစ္စည်း ဟူသော ပဋ္ဌာန်းသည် လည်းကောင်း ၊
သဗ္ဗဿ ဣန္ဒော – တရားအလုံးစုံကို အစိုးရသော မြတ်စွာ ဘု ရားသည် လည်းကောင်း ၊
သဟဿ သူ ရိ ယော – ရောင် ခြည် တစ် ထောင် ဆောင် သော နေမင်းသည် လည်းကောင်း ၊
ဣတိပိ အနိစ္စံ ဒုက္ခံ အနတ္တံ – ဤသို့ ဖြစ်ခြင်း ပျက်ခြင်း စသည့် သဘော ရှိသောကြောင့် အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ မည်၏ ။
ဩောင်း ( ဗု ဒ္ဓါနံ ) – အထူးသဖြင့် မြတ် တော် မူ ကု န် သော ၊
နမော ဗုဒ္ဓါနံ – ဘုရားရှ င်တို့အား ရှိခိုးပါ၏ ။
တေသံ အာနု ဘာဝေန – ထို ဘု ရားရှ င်တို့၏ တန်ခိုးတေဇော် အာနု ဘော်ကြောင့် ၊
ရာဇဘယံ – မင်းဘေးကို လည်းကောင်း ၊
စောရဘယံ – ခိုးသူ ဘေးကို လည်းကောင်း ၊
ဥဒကဘယံ – ရေဘေးကို လည်းကောင်း ၊
အဂ္ဂိဘယံ – မီးဘေးကို လည်းကောင်း ၊
သတ္ထဘယံ – လက်နက်ဘေးကို လည်းကောင်း ၊
သဗ္ဗဘယံ – ဘေးအားလုံးကို လည်းကောင်း ၊
ဇယော – အောင် မြင် နို င် ပါစေသတည်း ။
ဇယတု မင်္ဂလံ – ကောင်းသော မင်္ဂလာ ဟူသမျှ အောင်မြင်ပါစေသတည်း ။
အနိစ္စံ ၊ သင်္ခတံ ၊ ပဋိစ္စ သမု ပ္ပန္နံ – အကြောင်းကို စွဲ၍ ဖြစ်သော အကျိုး တရားသည် ကံ -စိတ် – ဥတု – အာဟာရ
အကြောင်းတရား ( ၄ )ပါးတို့  ပြုပြင် အပ် သည် ဖြစ် ၍ အမြဲ မရှိ ပေ။
ခယဓမ္မံ – ကုန်ခြင်း သဘောရှိ၏ ။
ဝယဓမ္မံ – ပျက်ခြင်း သဘောရှိ၏ ။
ဝိရာဂဓမ္မံ – ရာဂ ကင်းခြင်း သဘောရှိသော နိဗ္ဗာန်ကို ၊
ပဏ္ဍိ တာ – ပညာရှိ တို့ သည်
ခမန္တိ – နှ စ်သက်တော် မူကြသည် ။
စမ္မခဏ် ဂါထာတော် ပု တီးစိပ်နည်း
(၁) ဣတိ ပိ ပိ ဋကတ္တ ယံ ၊ (၂) အနိ စ္စံ ၊ (၃) ဒု က္ခံ ၊ (၄) အနတ္တံ ၊ (၅) သတ္တ ဗောဇ္ဈင် င်္ဂေါ ၊
(၆) အရိ ယော ၊ (၇) အဋ္ဌင်္ဂိ ကော မဂ္ဂေါ ၊ (၈) စတု ၀ိ သတိ ပဋ္ဌာနံ ၊ (၉) သဗ္ဗ ဿ ဣန္ဒော ၊ (၁၀) သဟဿ သူ ရိ ယော ၊
(၁၁) ဩောင်း နမော ဗု ဒ္ဓါနံ ၊ (၁၂) ရာဇဘယံ ၊ (၁၃) စောရဘယံ ၊ (၁၄) ဥဒက ဘယံ ၊ (၁၅) အဂ္ဂိ ဘယံ ၊
(၁၆) သတ္ထ ဘယံ ၊ (၁၇) သဗ္ဗ ဘယံ ၊ (၁၈) ဇယော ၊ (၁၉) ဇယတု မင်္ဂလံ ၊ (၂၀) အနိ စ္စံ ၊
(၂၁) သင်္ခတံ ၊ (၂၂) ပဋိစ္စ သမုပ္ပန္နံ ၊ (၂၃) ခယဓမ္မံ ၊ (၂၄) ၀ယဓမ္မံ ၊ (၂၅) ၀ိရာဂဓမ္မံ ၊
(၂၆) နိ ရောဓ ဓမ္မံ ၊ (၂၇) ပဏ္ဍိ တာ ခမန္တိ ။
အထက် ဖော် ပြပါအတို င်း တစ် ပု ဒ် လျှင် ပု တီးတစ် လုံးစီ ချပါ ။ ၂၇ လုံး တစ် ကြိ မ် ပြည့် ပါက (၀ါ) ဂါထာဆုံးပါက အစမှ ပြန် ၍
စိ ပ် ပါ။ ၂၇ လုံး ၄ ကြိ မ် ပြည့်  ပါက ပု တီး (၁၀၈) လုံး တစ် ပတ် ရ၏ ။
၎င်း နည်းအတို င်း တစ် နေ့ ပု တီး (၉) ပတ် အဓိ ဋ္ဌာန် ဖြင့်  မှ န် မှ န် စိ ပ် ပါက ဘေးရန် ခပ် သိ မ်း ငြိ မ်းလျက် စီးပွားချမ်းသာ
တိုးတက် လာနို င်ပါသည်။ ယုံ ကြည်စွာဖြင့် အဓိဋ္ဌာန်မပျက် မှ န်မှ န် အားထု တ်
နို င် ကြပါစေ။
စမ္မ ခဏ် ဂါထာကို နေ့စဉ် မပြတ် အမြဲရွတ် ဖတ် ပါက အတွင်းရန် ၊ အပြင် ရန် များ ကင်းစင် ပပျောက် ခြင်း ၊ သူ တစ် ပါး
မကောင်း မကြံ စည် နို င် ခြင်း ၊ မိ မိ တောင့်  တနေသော ဆု ကို ရရှိ နို င် ခြင်း ၊ မိ သားစု နှ င့်  မကွဲမကွာ နေရခြင်း ၊ မိ မိ နေလို သော
အရပ် ဒေသများ၌သာ နေထို င် ရခြင်း ၊ ဘု န်းတန် ခိုးကြီးခြင်း ၊ လာဘ် လာဘ ပေါများခြင်း ၊ ရန် အောင် မြင် ခြင်း စသော အကျိုးများကို
လက် တွေ့ ခံ စားရမည် ။
ထို ဂါထာကို လမ်းတွင် တက်နေသော ကလေးကို ဂါထာရွတ်၍ ခေါင်းကို ကို င်ပေးထိပေးလိုက်ရာ ချက်ခြင်း
သတိရလာကြောင်း၊ မီးဘေး အန္တရာယ်မှ ကင်းဝေးခဲ့ကြောင်း ၊ (သုခုမ ဦးအုန်းခင်
) သူ၏သား ဗိုက်အောင့် ဝေဒနာ ခံစားနေရရာ
အချိ န် မရှိ ၍ ကားငှားပြီး ဆေးရုံ လည်း မပို့ နို င် ကြောင်း ၊ နောက် ဆုံး ရေတစ် ခွက် ကို ဂါထာရွတ် ဆို ၍ သစ္စာဆို တို က် လို က် ရာ ဝေဒနာ
သက် သာ သွားကြောင်း ၊ ယနေ့ထိ ရောဂါ ကြီးကြီးမားမား မဖြစ် တော့ ကြောင်း ရှ င်းပြပါသည် ။
ယုံ ကြည် မှုလည်း ရှိ ၊ ဂါထာ၏ ဆို လို ရင်း အဓိ ပ္ပါယ် ကို လည်း ထိ ထိ မိ မိ သိ ရှိ ကာ နှ လုံးသွင်း၍ ရွတ် ဆို ပါမူ အထူးပင်
အကျိုးများမည် ။
ဤ စမ္မ ခဏ် ဂါထာတော် ကို ရွတ် ဖတ် သရဇ္ဈာယ် သောသူ များမှာ ဘေးရန် ခပ် သိ မ်း ကင်းငြိ မ်းလျက် ကျန်းမာရေး ၊ ပညာရေး
၊ စီးပွားရေး စသော လူ မှုကိ စ္စ အ၀၀တို့  တိုးတက် စည် ပင် ကာ ကျက်
သရေ မင်္ဂလာအပေါင်းနှ င့် ပြည့် စုံနိုင်ကြပေသည်။
စမ္မခဏ်ဂါထာကို အသုံးပြုနည်း
(၁) ထိတ်လန့် ကြောက်ရွံ့ခြင်းဖြစ်ပါက ပါဠိနှ င့်အနက်ကို ရွတ်ပါ။
(၂) ကု န်း ၊ ရေ ၊ လေ ခရီးသွားသည့်  အခါ ပါဠိ တော် သက် သက် ကို ရွတ် ပါ။
(၃) စု န်း ၊ ပယောဂ ၊ အစိ မ်းသရဲ စွဲကပ် ခြင်း ၊ ဖမ်းစား ခံ ရသော လူ မမာများအား ဤဂါထာဖြင့် ရေကို (၇)
ခေါက် မန်းပြီးလျှင် ကို ယ် တို င် လက် ဖြင့်  တို က် ပါ။ လက် ဖြင့်  လည်း တောက် ဖြန်းပေးပါ။ အစိ မ်းသရဲများ ထွက် ပြေး၏။
(၄) အိ မ် ၊ ဥယျာဉ် ၊ လယ် မြေ ၊ ခြံ မြေ တို့ ကို ဘေးအန္တရာယ် ကင်းဝေးစေလို ပါက ဤဂါထာဖြင့်  သဲ ၊ ရေ ၊ ဆန် တို့ ကို မန်း၍
ပက် ဖြန်းပါ။
(၅) အိ မ် ၊ နွားခြံ ၊ စပါးကျီ ၊ အလု ပ် ရုံ ၊ စက် ရုံ ၊ ရုံးခန်း စသည် တို့ မှာ ရေးဆွဲ၍ ထားပါက ရန် သူ မျိုး ငါးပါးဘေးမှ
ကင်းဝေးစေ နို င် ပါသည် ။
ထို့ကြောင့် ဂါထာကို ရွတ်ဆို၍ ဖြစ်စေ ၊ စမ္မခဏ် ပုတီး စိပ်နည်းကို ဖြစ်စေ ၊ အဓိဋ္ဌာန်မပျက် ယုံကြည်မှု ရှိရှိနှ င့် ကျင့် ကြံ
ရွတ် ဆို
ကြပါက ကောင်းကျိုးသု ခများ ခံ စားရမည် မှာ သေချာပါသည် ။
မည် သည့်  နေ့ ၊ နေရာဌာနတွင် မဆို စတင် အဓိ ဋ္ဌာန် ၀င် နို င် ပါသည် ။ အဓိ ဋ္ဌာန် မ၀င် မီ ဘု ရားရှိ ခိုး ၊ ငါးပါးသီ လ ခံ ယူ
တတ် နို င် သမျှ ဆွမ်း ၊ ဆီ မီး ၊ ရေတော် တို့ ကို ကပ် လှူ၍ ပု တီး စိ ပ် ပြီးပါက လို ရာဆန္ဒ ဆု တောင်း ၊ မေတ္တာပို့  စသည် တို့ကို အစီ အစဉ် တကျ ဆောင် ရွက် နို င် ကြပါစေကု န် သတည်း။ ။

No comments:

Post a Comment